Wednesday, October 19, 2011

နောက်ဆုံးတော့ ဆွေး

အလွမ်း၊ အဆွေးတွေနဲ့
တွေးရင်း ငေးမောမိတယ်
တနေကုန်၊ တညလုံး...။

မုန်းတရားမရှိတဲ့ အချစ်ဟာ
အနှစ်သာရ ဘယ်လောက်ရှိမှာတဲ့လဲ
တည်ငြိမ်တဲ့အချစ်ဆိုတာ လိုအပ်ဆုံး မဟုတ်ဘူး။
တခုတည်းသော လိုလားစရာလည်း မဟုတ်ပါဘူး။
တည်ငြိမ်လွန်းရင် နယ်ထိုင်တယ်ဆိုပေမယ့်
အဲဒီတည်ငြိမ်မှုက ဘယ်လောက်အထိ တည်ငြိမ်နိုင်မှာတဲ့လဲ
လကို အမြဲတမ်း ကွယ်ထားနိုင်တဲ့ တိမ်ဆိုတာ မရှိပါဘူး
တိမ်ကြောင့် လရဲ့ အလင်းဟာ ဂုဏ်ရှိလေတော့
ဓာတ်သက်မကျပေမဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတယ် ယုံ။

တုန်လှုပ်လွန်းတဲ့ နှလုံးသားကို
ဘယ်လို ပကာသနမှ ကာကွယ်မပေးနိုင်ပါဘူး
ပဓာနက ပကာသနမှ မဟုတ်ဘဲ။
အတ္တခြင်း တူညီကြပေမယ့်
မေတ္တာဂေဟအားနည်းတော့
သွေးခွဲတိုင်း ကွဲကြရတယ်။

ငါတို့ ကွဲခဲ့ကြရပြီ
ရလာဘ်ကိုယ်စီနဲ့
သူဆွေး၊ ကိုယ်ဆွေး
သူလည်းတွေး၊ ကိုယ်လည်းတွေး
သူငေးနေသလား
ငါငေးနေတုန်း....။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။