Friday, May 6, 2011

ရှာပုံတော်

ငါတို့ ရှာကြတယ်၊ စားဖို့
ငါတို့ စားကြတယ်၊ ရှာဖို့
ဘာစားသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ ဝတ်ဖို့
ငါတို့ ဝတ်ကြတယ်၊ ရှာဖို့
ဘာဝတ်သလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နေဖို့
ငါတို့ နေကြတယ်၊ ရှာဖို့
ဘယ်လိုနေသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နှစ်ကျပ်တစ်ပြား
ငါတို့ စားကြတယ်၊ ရေလုံပြုတ်
ငါတို့ ဝတ်ကြတယ်၊ စွပ်ကျယ်စုတ်
ငါတို့ နေကြတယ်၊ နွားတင်းကုတ်
ငါတို့ ရှာရအုံးမယ်...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။