Wednesday, April 6, 2011

သဲသဲမဲမဲ တဝဲလည်လည်

ကုန်ကြမ်းမရှိတဲ့ တိုင်းပြည်မှာ
ကုန်ချောက တနင့်တပိုး
ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့
နာမည်အမျိုးမျိုးကိုမှည့်
ဈေးအမျိုးမျိုးသတ်မှတ်ပြီး
တန်းစားအမျိုးမျိုးဆီပို့
ပြီးတော့ မြို, ဆို့,
ပြီးတော့ ဖဲ့, ချိုး
ပြီးတော့ ဝိသေသအမျိုးမျိုးတိုးနဲ့
ဂုဏ်ပုဒ်တွေတပ် တံဆိပ်အပ်ပြီး
ပညာတတ်၊ အထက်တန်းစား
နိုင်ငံကြီးသား၊ ကယ်တင်ရှင်များစတဲ့
ရာဇမတ်တွေနဲ့ ကာလို့ ကွယ်လို့...။

အဘိုးတန်ကုန်ကြမ်းများပြည့်နေတဲ့
ဆင်းရဲသားနိုင်ငံ
ကြမ်းပန်းကန်၊ မတ်ခွက်
ယောက်မနဲ့၊ စဉ်းသီတုံး
အုန်းဆံကြိုးနဲ့၊ ခုံဖိနပ်စသည်
ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့
နာမည်အမျိုးမျိုးကိုမှည့်
ဈေးအမျိုးမျိုးသတ်မှတ်ပြီး
တန်းစားအမျိုးမျိုးဆီပို့
ပြီးတော့ ငတ်, ပြတ်
ပြီးတော့ ခြောက်, ကပ်
ပြီးတော့ ဝိသေသအမျိုးမျိုးနဲ့
ဂုဏ်ပုဒ်တွေတပ် တံဆိပ်အပ်ပြီး
ပညာမဲ့၊ အောက်တန်းစား
ဆင်းရဲသား၊ လူမိုက်စသည်
ရာဇမတ်တွေက ခွာလို့၊ ကွာလို့...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။