Tuesday, January 11, 2011

မနက်ကို ကြိုဆိုပါ

ဝေသီဆဲ အာရုံဦးမှာ
နိုးထလာတဲ့ ငါတို့ရဲ့
စိတ်ဝိညာဉ်တွေဟာ...

နှင်းမှုန်မှုန်အကြားမှာ
နေခြည်တွေ ဖြာကြလို့
လေပြည် (ပြေ) တွေ တညင်းညင်းနဲ့
အေးစက်သော ကာလမှာ
နွေးထွေးစွာ အာရုံကို
ကြိုဆိုကြတယ်...။

တယောက်သောသူနဲ့ ငါ
အေးမြမြ ရေသင်ဖြာနဲ့
စိမ်းလွှလွှ လွင်ပြင်သာ
ပြာလဲ့လဲ့ မိုးအာကာနဲ့
ညိုမှိုင်းလျက် ရိုးမကြီးလည်းပါတယ်...။

လင်းလက်သော ရောင်ခြည်ကို
မမြင်ရစေဦးတော့
လင်းကြက်တွန်သံ ကြားရင်ပဲ
တမနက်ရောက်မှန်း
ရောင်းရမ်းကာ သိရပြီ...။

အာရုံပီသ၊ မပီသ
ငါတို့ အားလုံး
ကြိုဆိုနေကြတယ်...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။