Tuesday, October 18, 2011

မထူးခြားနား၊ ထူးခြားနား

ဘာဆိုဘာမှမရေးဖြစ်တာ ချိန်အတော်ကြာမြင့်ခဲ့ပါပြီ။ ကျနော့်ကို ချစ်ခင်ပြီး ကျနော့်စာကို လာလာဖတ်တဲ့ မိတ် ဆွေတွေကိုလည်း တောင်းပန်ပါတယ်။ တကယ့်တော့ တောင်းပန်စရာမလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်စာကို လာဖတ်တဲ့လူက လောက်လောက်လားလား ရှိတာမှ မဟုတ်တာကိုး။ ဒါကြောင့်မို့ နမော် နမဲ့ပဲ နေခဲ့တာပါ။

စာမဟုတ် ကဗျာမဟုတ်တဲ့ ပေါက်တတ်ကရတွေကို ရေးရတာဝါသနာတော့ကြီးပါတယ်။ ဒါပေမယ့် ဝါသနာ ထက် ကျော်လွန်တဲ့ အခြေအနေတခုကို ဖန်းတီးဖို့ စိတ်ကူးခဲ့ပါတယ်။ စိတ်ကူးဆိုတာလဲ ငွေကုန်ကြေးကျ ရှိတာ မဟုတ်တော့ ကမ္ဘာကုန်ကျယ်သရွေ့ စိတ်ကူးနဲ့ ဖြန့်ကျက်လိုက်တာ ငါဆိုတာလေးဟာ လုံးပါးပါးပြီး ပျောက်သွားမတတ်ပါပဲ။

တိကျသလား သေချာသလား တိတိကျကျ သေသေချာချာ မသိရတဲ့ အဖြေတွေတော့ ရခဲ့ပါတယ်။ ငါရဲ့ကြိုး စားမှုနဲ့ ဘာရမလဲ။ ငါရဲ့ လုံ့လဝီရိယနဲ့ ဘာရမလဲ။ ဒီတော့ လိုသေးတယ်။ လိုတော့ ဖြည့်ပေါ့။ ဖြည့်တော့ ပြည့်လာမှာပေါ့။ ပြည့်တော့ ဖြစ်ချင်တာ ဖြစ်ခွင့်ရမှာပေါ့။


လူငယ်တယောက်ပါပဲ။ ဒါပေမယ့် လူငယ်များတကာလို့ တက်ကြွမှု မရှိပါဘူး။ အတိတ်တွေကိုတွေး ဝမ်းနည်း နေတာက များပါတယ်။ အနာဂါတ်ကိုတွေးပြီး စိုးရိမ်နေတာက များပါတယ်။ ပစ္စုပ္ပန်မှာ ပစ္စလက္ခတ်နေပစ် လိုက်တာပဲ။ သဘောကျ ကျေနပ်သလားဆိုတော့လည်း ဘယ်ဟုတ်မလဲ။ သဘောမကျသော်လည်း ကျသယောင်၊ မကျေနပ်သော်လည်း ကျေနပ် သယောင်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတာပေါ့။

ဒီတော့... ဒီမှာပဲ နားလိုက်ပါတော့မယ်။ လူမဖတ်တဲ့ စာကိုရေးရတာလောက် အရသာကင်းမဲ့တာမျိုး ရှိမှာ မဟုတ်ပါဘူး။ လူမသိတဲ့ ဘလော့ဂါလောက် အထီးကျန်တာမျိုးလည်း ရှိမယ်မထင်ပါဘူး။ ဒီတော့... မထူးပါဘူး။ နားလိုက်တာပဲ ကောင်းပါတယ်။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။