Tuesday, May 17, 2011

အရိုင်းပန်း


ပေါင်းမသင်
ရေမလောင်း
နေမထိ လေမငြိ
ပကတိ တောပန်းလေး
ရိုးရိုးသားသား
မျှောင်လင့်ချက် တောင့်တချက်မရှိ
ဘယ်သူ မြင်မြင် မမြင်မြင်
ဘယ်သူ ဆင်ဆင် မဆင်ဆင်
ဘယ်သူ ခင်ခင် မခင်ခင်
ဆင်ဆာမရှိ ပကတိလှနေမှာပဲ…။

မြောက်လေသွေးလည်း
မွှေးမြဲမွှေး
နှင်းရည်အေးလည်း
မွှေးမြဲမွှေး
နေခြည်ထွေးလည်း
မွှေးမြဲမွှေး
ပုလွေတေးနဲ့ မွှေးနေဆဲ…။

ရွေးချယ်ခွင့်မရှိလို့
တောမှာပွင့်ရတဲ့ အရိုင်းပန်း
ကြွေလမ်းတခုတည်းရယ်ပါ။
ဘယ်သူလှမ်းပြီး
ဘယ်သူနမ်းမလဲ
ဘယ်သူမြင်ပြီး
ဘယ်သူဆင်မလဲ
ဘယ်လို တုပပြီး
ဘယ်သူ ယုယမလဲ…။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။