Saturday, March 2, 2013

ခက်တာပဲကွယ်


တနေ့တနေ့ တရွေ့ရွေ့ကုန်
နာရီလက်တံ မြန်လှတယ်
စက္ကန့်သံတွေ ညံလှတယ်။

ဆောင်းရောက်တော့လည်း လွမ်းရတယ်
ဆောင်းပြောက်တော့လည်း လွမ်းမိတယ်
နွေပေါက်တော့လည်း လွမ်းရပြန်ပြီ။

ကြင်နာလှည့်ပါ၊ ချစ်လှည့်ပါ
မပြောသာတဲ့အဖြစ်ရယ်ပါ။
ရစ်ပတ်နှောင်တွယ် မေတ္တာနွယ်ကြိုး
ဖြတ်သော်လည်း မပြတ်ချင်
ပြတ်မှာလည်း စိုးမိတယ်ခင်။

ဖြစ်စဉ်တခုလုံးက
ကျေနပ်စရာလည်းမကောင်း
မကျေနပ်လို့လည်း မရပြန်
တခန်းလည်း မရပ်ချင်သလို
ရှေ့ဆက်ဖို့လည်း ကြောက်နေမိ။

အမေးသာရှိ
အဆွေးသာရှိ
ပကတိငါ့အသည်းတွေ
ဆွေးမြေ့ကြွေကျ
အသက်ပင် ဝအောင်မရှူနိုင်တော့။

1 comment:

မိုးနတ်ကြယ်စင် said...

ဆောင်းရောက်တော့လည်း လွမ်းရတယ်
ဆောင်းပြောက်တော့လည်း လွမ်းမိတယ်
နွေပေါက်တော့လည်း လွမ်းရပြန်ပြီ

အမှန်ပဲ လွမ်းချင်နေတဲ့သူကတော့
ဘယ်အချိန်ပဲဖြစ်ဖြစ် လွမ်းတတ်နေတာ ဓမ္မတာ
ဒါပေသိ သိပ်လွမ်းတတ်ရင်တော့ မကောင်းဘူးးးးးး
အပြင်မှာ ပြောပါတယ်...ကဗျာထဲမှာတော့
လွမ်းတတ်လေလေ ကဗျာကောင်းရလေလေ :)))
ကဗျာလေး ကောင်းတယ် လောင်စာရေ..
နှစ်သက်စွာခံစားခဲ့ပါကြောင်းးးးးးးးးးး

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။